ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော် ဖူးမြော်၍ ကျောက်ကလပ်သို့ သွားကြမည်
ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော် ဖူးမြော်၍ ကျောက်ကလပ်သို့ သွားကြမည် စူးစမ်းလေ့လာ သွားချင်စရာ (၁၃) ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ထင်ရှားသော ခရီးစဉ်တစ်ခုဖြစ်သည့် ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ( 16.2.2026) မှ (2.3.2026 ) ထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဘုရားဖူးလာရောက်ရင်း တစ်ဆက်တည်း ကျောက်ကလပ်ကမ်းခြေ သို့ သွားရောက်လည်ပတ်လိုကြသော ဧည့်သည်တော်များအတွက် စုံစမ်းမေးမြန်းမှုများကို ပြန်လည်ဖြေကြားရင်း ဤခရီးသွားလမ်းညွှန်ကို ရေးသားလိုက်ရပါသည်။ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော် ကျောက်ကလပ်ကမ်းခြေသည် သဘာဝအတိုင်း ဖြစ်ပေါ်လာသော ရေညှိခွက်များ၊ မှိုပွင့်သဏ္ဍာန် ကျောက်ကလပ်များ၊ ချောက်ကမ်းပါးများ တည်ရှိနေပြီး ရုပ်ရှင်ရိုက်ကူးရေးနှင့် အလှဓာတ်ပုံရိုက်ကူးလိုသူများကြောင့် ပိုမိုထင်ရှားလာသည့် ကမ်းခြေတစ်ခု ဖြစ်ပါသည်။ ကျောက်ကလပ်ကမ်းခြေ လှပသော ရေညှိစိမ်းများနှင့် မှိုပွင့်သဏ္ဍာန် ကျောက်ကလပ်များမှာ ထုံးကျောက်တောင်များကို နှစ်ကာလကြာရှည်စွာ ပင်လယ်ရေ တိုက်စားခြင်းကြောင့် သဘာဝအတိုင်း ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ကျောက်ကလပ်များ တည်ရှိရာနေရာသည် မြတ်မော်တင်စွန်းစေတီတေ...