စူးစမ်းလေ့လာ သွားချင်စရာ (၁)

လူသားများအတွက် ခရီးသွားလာခြင်း (Travels) သည် ရှေးကျောက်ခေတ် လူသားများ ကတည်းကပင် တစ်နေရာမှ တစ်နေရာသို့ သွားလာခဲ့ကြခြင်းဖြင့် စတင်ခဲ့သည်ဟု ယူဆနိုင်ပေသည်။ စားရေး နှင့် နေရေး တို့အတွက် ရေကြည်ရာ မြက်နုရာ လှည့်လည် သွားလာခြင်းမျိုးဖြင့် ခရီးသွား ခဲ့ကြပေသည်။ ထိုမှတဖန် ကူးသန်းရောင်း ဝယ်ရေး၊ နယ်မြေသစ်

ရှာဖွေခြင်း နှင့်နယ်မြေချဲ့ထွင်ခြင်း အလို့ငှာ ဒေသတွင်းနှင့် ကမ္ဘာ့တိုက်ကြီးများ တစ်ခုမှ တစ်ခုသို့ ခရီးတို/ ခရီးရှည် ထွက်ခြင်းများ တိုးတက် လာခဲ့ပါသည်။ မြန်မာ့သမိုင်း တွင်လည်း မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၌ တဖုဿ နှင့် ဘလိက ကုန်သည် ညီနောင်နှစ်ဦး ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူရာ မဇ္ဈိမတိုင်းသို့ ကူးသန်းရောင်း ဝယ်ရန် သွားရောက် ရာမှ ဆံတော်ရှင်ရွှေတိဂုံစေ တီတော်မြတ် တည်ထား ကိုးကွယ်ခွင့် ရရှိခဲ့ကြောင်း ဘုရားသမိုင်း များအရ သိရှိ ရပေသည်။ မြန်မာနိုင်ငံကို နိုင်ငံခြားသားတို့ ပုဂံခေတ် ကာလအချိန် (၁၁) ရာစု ကပင် ရောက်ရှိ ခဲ့ကြောင်း မာကိုပိုလို၏ ခရီးသွား မှတ်တမ်းတွင် ပုဂံခေတ်ကြီး ကျယ်ခမ်းနား ပုံကိုဖော်ပြ ခဲ့ခြင်းကြောင့် သိရှိနိုင်ပေသည်။ စီးပွားရေး လုပ်ငန်း တစ်ခု အနေဖြင့် ခရီးသွား လုပ်ငန်းအား (Travels and Tours For Business Purpose) စတင်ရှာဖွေ လုပ်ကိုင် ခဲ့ကြသူ များမှာ ၁၈၂၂ ခုနှစ်တွင် Robert Smart သည် ရေနွေးငွေ့ သုံးသင်္ဘော၏ ပထမဆုံး လက်မှတ် အရောင်း ကိုယ်စားလှယ်ဆောင် ရွက်ခြင်းဖြင့် လည်းကောင်း၊ ၁၈၄၁ တွင် Thomas Cook သည် England နိုင်ငံ Leicester မှ Loughboroug ထိ ခရီးမိုင် ၁၂ မိုင်ရှည်သော A special excursion train ကိုစီစဉ် ခဲ့ခြင်းဖြင့် လည်းကောင်း၊ Thomas Bennett (၁၈၁၄ - ၁၈၉၈) သည် ခရီးသွား အခြေခံ လိုအပ်ချက်များ (Transport, Accommondation ) ပါဝင်သည့် သီးခြား စီစဉ် ထားသော ခရီးစဉ်ကို စတင်လုပ်ကိုင် ခဲ့သူဖြစ် ပါသည်။ ၎င်းသည် ၁၈၅၀ ခုနှစ်တွင် ‘trip organizer’ လုပ်ငန်းကို တည်ထောင်၍ Tour Package များကို စီစဉ်၍ စီးပွားဖြစ် လုပ်ကိုင် ခဲ့ပါသည်။ ဤနေရာတွင် တစ်ခု သတိပြု မိသည်မှာ Travel and Tour လုပ်ငန်းကို အင်္ဂလန်နိုင်ငံ မှ အစပြု၍ အင်္ဂလိပ် လူမျိုးများသာ စတင် လုပ်ကိုင် ခဲ့ကြကြောင်းတွေ့ ရှိရပေသည်။ World Tourism Organization မှထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၏ Tourism လုပ်ငန်းမှ စုစုပေါင်းဝင်ငွေ ၂.၂၆၆ billion US$ ရရှိခဲ့ပြီး နိုင်ငံ GDP ၏ ၄.၈% ရှိခဲ့ကြောင်း သိရှိရပေသည်။ ကျွန်တော်တို့၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ ၂၀၁၅ ခုနှစ်၌ ၄၈.၅၂၇ billion US$ ရှိခဲ့ကြောင်း သိရှိရသဖြင့် ၂၄ ဆခန့်နိမ့် ကျလျှက် ရှိကြောင်း သိရှိရပါသည်။ ခရီးသွား လုပ်ငန်းသည် နိုင်ငံတော်နှင့် နိုင်ငံသား များအတွက် အလုပ် အကိုင် အခွင့်အလမ်း များစွာပေးအပ်သည့် လုပ်ငန်းတစ်ခု လည်းဖြစ်ပြီး လေကြာင်း လိုင်းမှသည် ခေါင်းရွက် ဗျပ်ထိုးဈေး သည်များ အထိ အကျိုးပြုသည့် Ripple Effect ရှိသော ဝန်ဆောင်မှု လုပ်ငန်း တစ်ခုလည် ဖြစ်ပေသည်။ နှစ်စဉ် ခရီးသွားဦးရေ တိုးတက် လျှက်ရှိပြီး ၂၀၁၅ ခုနှစ် စာရင်းအရ ကမ္ဘာ့လှည့် ခရီးသွားများ သုံးစွဲခဲ့သော ငွေမှာ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၂၆၀ ( ၁၂၆၀ billion US$ ) ရှိခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူ တစ်ရပ်လုံး အကျိုး များစွာ ခံစားရသော ခရီးသွား ဝန်ဆောင်မှု ဖွံ့ဖြိုးတိုး တက်အောင် ဝိုင်းဝန်းကြိုးပမ်း သင့်ပေသည်။ ၂၀၁၅ ခုနှစ် တွင် တစ်ကမ္ဘာလုံးမှ ပြည်ပသို့( Outbound Tourist) ခရီးသွားလာသူ စုစုပေါင်း သန်းပေါင်း ၁၁၈၆ ဦး ( 1186 million) ခရီးသွား လာခဲ့ကြပြီး အများဆုံး ခရီးသွား လာခဲ့ကြသောနိုင်ငံ များမှာ အနောက်နိုင်ငံများ မှဖြစ်ပြီး ''အလုပ်လုပ်နေ ကြခြင်းသည် ခရီးသွား ရန်အတွက်'' ပင်ဖြစ်သည် ဟုဆိုရမလို ဖြစ်နေပေသည်။ အာရှမှ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ များသည်လည်း ကမ္ဘာ့ခရီးသွား အများဆုံး ၁၀ နိုင်ငံတွင် ပါဝင်ပေသည်။ မြန်မာနိုင်ငံ သည်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစစ ပွင့်လင်း လာလျှက် ရှိပြီး ပြည်တွင်း ခရီးသွားများ၊ ပြည်ပသို့ ခရီးသွားများ နှစ်စဉ် တိုးတက် လျှက်ရှိရာ ၂၀၁၅ ခုနှစ် စာရင်းအရ ပြည်တွင်း ခရီးသွားဦးရေ ၄ သန်းခန့် နှင့် ပြည်ပခရီး သွားလာသူ ၆ သိန်းခန့် ထိရှိလာကြောင်း သိရှိရပေသည်။ မြန်မာနိုင်ငံသား များသည်လည်း ခရီးသွားခြင်း၏ အကျိုးကျေးဇူးနှင့် အနှစ်သာရ ကိုသိရှိလာခြင်း ပင်ဖြစ်ကြောင်း အသိအမှတ်ပြု ရပေမည်။ မြန်မာနိုင်ငံတွင် စူးစမ်းလေ့လာ သွားချင်စရာ ခရီးစဉ်များစွာ တည်ရှိနေ ပါသည်။ မြန်မာနိုင်ငံ သည် ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသည့်နိုင်ငံဖြစ် သည့်အားလျှော်စွာ စေတီပုထိုးပေါင်း များစွာတည် ရှိခြင်းကြောင့် Golden Land ဟုပင် တင်စားခေါ်ဝေါ် လျှက်ရှိပါသည်။ ပျူခေတ်မှသည် ပုဂံခေတ်ထိ တည်ဆောက်ခဲ့သော ရှေးဟောင်းစေတီ (၂၀ဝဝ) ကျော်အား ဘာသာရေး ခရီးစဉ်များအဖြစ် (Religion Site Tour ) သွားရောက်လေ့ လာနိုင်ပါသည်။ ထို့ပြင် ဂေါတမ ဘုရားရှင် လက်ထက်ကပင် သွန်းလုပ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်များ၊ ရှေးဟောင်း သမိုင်းဝင် ရုပ်ပွားတော်များ၊ အနု ပညာ လက်ရာများ၊ ရှေးမင်းနေပြည်တော်များ နှင့်အဆောက်အဦများ၊ ကိုလိုနီ လက်ထက် မတိုင်မီ နှင့် ကိုလိုနီ လက်ထက် အဆောက် အဦများသည် လည်း တန်ဘိုး မဖြတ်နိုင်သော လေ့လာစရာ သမိုင်းအမွေ အနှစ်ခရီးစဉ်များ (ံHistorical Site Tour) အဖြစ် ကျန်ရှိ နေပါသည်။ အပန်းဖြေခရီးစဉ် (Recreation ) များအဖြစ်လည်း သာယာလှပသော ကမ်းခြေများ၊ သဘာဝ တောတောင် ရှုခင်းများ၊ ပင်လယ်ပြင်ရှိ ကျွန်းများ သည်လည်း လည်ပတ် ချင်စရာ မထိမတွေ့ ရသေးသော သဘာဝ အခြေခံ ခရီးသွား လုပ်ငန်းများပင် (Untouchable Natural Tour/ Ecotourism) လုပ်ငန်း များပင်ဖြစ်ပါသည်။ ခရီးသွား လုပ်ငန်းကို ဝန်ဆောင်မှုပေးသော သူများနည်းတူ ခရီးသွား သူများသည် (Tourists) လည်း ခရီးသွား လာခြင်းမှ နေရာသစ်၊ ဘဝသစ်ကို ထိတွေ့ခံစား၍ နေ့တဓူဝဘဝမှ မောပန်းနွမ်းနယ် မှုကိုပြေပျောက် စေခြင်း၊ အသိ ပညာ ဗဟုသုတ တိုးပွား၍ အမြင်သစ် အတွေးသစ် များကိုရ ရှိနိုင်ခြင်းနှင့် မိမိ၏ လုပ်ငန်းခွင်အား လန်းဆန်း တက်ကြွစွာ ဆက်လက် လုပ်ဆောင်နိုင်ရန် ခွန်အားများ ဖြည့်တင်း ပေးနိုင်ခြင်းစသည့် အနှစ် သာရ များစွာ ရရှိ နိုင်ပေသည်။ ခရီးသွား သည်ဆိုရာ၌ နေ့ခြင်းပြန်၊ ညအိပ် ၊ ရက်တို့၊ ရက်ရှည် တစ်ဦးချင်း၊ မိသားစု လိုက်၊ အဖွဲ့လိုက် အမျိုးမျိုး သွားရောက် နိုင်ပါသည်။ ထို့ကြောင့် လူကြီး၊ လူငယ်မရွေး မိမိတတ် နိုင်သော ငွေကြေး အင်အားဖြင့် ရရှိနိုင်သော အားလပ်ရက် ပေါ်မူတည်ပြီး ခရီးသွား လာခြင်းဖြင့် နေရာသစ်၊ ဘဝသစ် များကို ထိတွေ့ ခံစားကြပါစို့ ဟု တိုက်တွန်း ရင်းနိဂုံးချုပ် အပ်ပါသည်။ ဆက်လက်ကြိုးစားပါဦးမည်-

AT (New Autumn) Reference Myanmar Tourism Master Plan ၂၃.၃.၂၀၁၇ ကြေးမုံသတင်းစာ သတင်းဆောင်းပါး http://www.myanmartourism.org/index.php/publication/tourism-statistics

Comments

Popular posts from this blog

Boat Trip to Samkar with Guide

စူးစမ်းလေ့လာ သွားချင်စရာ (၁၀) ပုသိမ် - မော်တင်စွန်းလမ်း review

တိုင်းဧရာ၏ လှိုင်းခုန်ပွဲတော်ဆီသို့