စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၄) ပြည်မှသည် ရခိုင်ရိုးမကို ကျော်၍ ဒွါရာ၀တီ ဆီသို့

စူးစမ်းလေ့လာ သွားချင်စရာ (၇)

ရန်ကုန် -တောင်ငူ - နေပြည်တော် - မကွေး - မင်းဘူး - ငဖဲ - ရွှေစက်တော် - မင်းလှ - ကွေ့ချောင်း - ဗိဿနိုး - ပြည် - ငပလီ - ပုသိမ် - မော်တင်စွန်း ခရီးစဉ်

အပိုင်း(၄) ပြည်မှသည် ရခိုင်ရိုးမကို ကျော်၍ ဒွါရာ၀တီ ဆီသို့

          ရွှေဘုံသာ မုနိဘုရားက ထွက်တော့ မနက် ၁၀ နာရီထိုးခါနီးနေပါပြီ။ မိနစ် ၃၀ လောက်မောင်းပြီးတော့ ဥသျှစ်ပင် လမ်းခွဲကို ရောက်ပါတယ်။ ပုသိမ်-မုံရွာလမ်းမ ပေါ်က လမ်းခွဲပါ။ ရှေ့တည့်တည့်မှာတော့ ရခိုင်ရိုးမကို မြင်နေရပါပြီ။ ရခိုင်ရိုးမဖြတ်လမ်း (၃) ခုရှိပြီး ယခု ပြည်-တောင်ကုတ် လမ်းက အလယ်ဖြတ်လမ်းပါ။ မိုင် ၁၀၀ ခန့် သာရှိပြီး ဓါတ်ပုံရိုက်လိုက် ခဏနားလိုက်ဖြင့် မောင်းတာမလို့ ၄ နာရီလောက်မောင်းခဲ့ရပါသည်။ လမ်းပြင်နေတာတော့ တွေ့ပြီး အရမ်းကြီး မကောင်းသေးပါ။ လမ်းတစ်ဝက်လောက်မှာ တောင်ပုံကြီး စစ်ဆေးရေးစခန်းရှိပါသည်။ အမည် မှတ်ပုံတင်အမှတ် ပေးလိုက်ရုံပါပဲ။

ဥသျှစ်ပင်လမ်းခွဲ

ပြည်-တောင်ကုတ် ရိုးမဖြတ်လမ်း

ပြည်-တောင်ကုတ် ရိုးမဖြတ်လမ်း

 

ပြည်-တောင်ကုတ် ရိုးမဖြတ်လမ်း

တောင်ပုံကြီး စစ်ဆေးရေးစခန်း

ပြည်-တောင်ကုတ် ရိုးမဖြတ်လမ်း

            နေ့လယ် ၂ နာရီလောက်တောင်ကုတ်မြို့ကိုရောက်ပြီး ဆက်ထွက်ပါသည်။ တောင်ကုတ်မြို့အကျော်က ထမင်းဆိုင်မှာ နေ့လယ်စာစားပြီး သံတွဲလမ်းအတိုင်း ၂ နာရီခန့်မောင်းရပါသည်။ ငပလီအထိဆို ၅၃ မိုင်ခန့်သာရှိပါသည်။ လမ်းကျဉ်းပေမယ့်လည်း လမ်းကောင်းပါသည်။

တောင်ကုတ်မြို့

သံတွဲမြို့မှာ လည်ပတ်စရာ

သံတွဲရောက်ရင် ဖူးမြော် လည်ပတ်သင့်သော ရှေးဟောင်းဗျာဒိတ်တော်ရ ဘုရားသုံးဆူရှိပါသည်။ ဘုရားသုံးဆူသည် သံတွဲမြို့ပေါ်တွင် တည်ရှိပြီး တစ်ဆက်တည်း လည်ပတ်နိုင်ပါသည်။ ထိုစေတီများမှာ-

(က) ရွှေနံတော်စေတီ။ ရွှေနံတော် စေတီဖူးပြီးနောက် ဓါတ်လှေကားဖြင့် တောင်ခြေရှိ လျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးအား ဆက်လက်ဖူးမြော် နိုင်ပါသည်။

(ခ) ရွှေအံတော်စေတီ

(ဂ) ရွှေဆံတော် စေတီတို့ပဲဖြစ်ပါသည်။

ငပလီပတ်ဝန်းကျင်လည်ပတ်သင့်သော နေရာများ

တိလောကသယမ္ဘူ ဗုဒ္ဓရုပ်ပွားတော်။ ဂျိတ်တော် တဖက်ကမ်း မဒေးတောင်ပေါ်တွင် တည်ရှိပြီး သပြုချိုင် နှင့် ပင်လယ်ရှုခင်းကို ကြည့်ရှုနိုင်ပါသည်။ဂေါ့ရွာတွင် တည်ဆောက်ထားသော မြပတ္တမြားဥယျာဉ် တို့ကို သွားရောက်လည်ပတ်သင့်ပါသည်။

ငပလီမှာတည်းဖြစ်ခဲ့သော ဟိုတယ်

ငပလီကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးပေးမယ့် အလည်သက်သက် ကတော့ ဒါပထမဆုံးပါ။ ငယ်သူငယ်ချင်း တစ်ယောက် ငပလီမှာ ဟိုတယ်ဆောက်နေတာမလို့ သွားကြည့်ချင်နေတာလည်းပါပါသည်။ ဟိုတယ်နာမည်က မြပတ္တမြားဥယျာဉ်ဟိုတယ်ပါ။ ဟိုတယ်က နှစ်ပိုင်းရှိပါတယ်။ ရေကူကန်ပါ ဟိုတယ်ရယ်၊ လမုတော အတွင်း သဘာ၀ အတိုင်း တည်ဆောက်ထားတဲ့ ဥယျာဉ်ရယ် ဖြစ်ပါတယ်။ ဥယျာဉ်ဆိုလို့ သေးသေးလေးတော့မဟုတ်ပါဘူး ဧက များစွာကျယ်တဲ့ သဘာ၀ ဥယျာဉ်ကြီးပါ။ ဟိုတယ်က ဂေါ့ရွာထဲမှာတည်ရှိတာပါ။ ကျွန်တော်တို့ တည်းခိုစဉ်က ပေါင်ဝန်တံတား တစ်ခုပဲပြီးသေးပြီး ကျန်တာတွေကတော့ မြေပြင်တဲ့ အဆင့်ပဲရှိပါသေးတယ်။

မြပတ္တမြားဥယျာဉ်ဟိုတယ် (Photo credit to ERG website)

မြပတ္တမြားဥယျာဉ်ဟိုတယ်

မြပတ္တမြားဥယျာဉ်ဟိုတယ်ဆိုတာ ရန်ကုန် အခြေစိုက် ဆောက်လုပ်ရေး ပစ္စည်း ထုတ်လုပ် ဖြန့်ချိရေး ERG- Ever Rich Group ရဲ့ လုပ်ငန်းခွဲတစ်ခုပါ။ ငပလီလေယာဉ်ကွင်း အနီး ဂေါ့ကျေးရွားထဲမှာတည်ရှိတာကြောင့် အေးချမ်းပြီး ကျေးလတ်အငွေ့အသက်လေးတွေကို ထိတွေ့ခံစားနိုင်ပါသေးတယ်။ ဟိုတယ်နှင့်အတူ ဖွင့်လှစ်ထားတဲ့ ဥယျာဉ်ကတော့ထူးခြားပါတယ်။ ငပလီကမ်းခြေရဲ့ပထမဆုံး အပန်းဖြေ ဥယျာဉ်ဖြစ်ပြီး ပင်လယ်ကဗွီး ပင်များအကြား သဘာ၀အတိုင်း ဆောက်လုပ်ထားတဲ့ ပေါင်ဝန်တံတား ကတော့ ငပလီရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်ကြရတဲ့ နေရာတစ်ခုဖြစ်နေပါပြီ။ တံတားအဆုံကနေ ကမ်းခြေဘက်ကို အပျော်စီး ရေယာဉ် စီးနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဥယျာဉ်တွင် ထင်ရှားသော နေရာများမှာ

(၁) နဝရူပ ဗျာလ ရုပ်တု (Byar La Statute)

(၂) ပေါင်ဝန်တံတား (Pao Wun Bridge)

(၃) ပေါင်ဝန်စားသောက်ဆိုင် (Pao Wun Restaurant)

(၄) Emerald Pool with Funny Duckling Boat (မြကန်အပျော်စီးဘဲလှေ)

(၅) Rakhine Off-Spring (ရခိုင်မောင်နှမ)

(၆) Swing Set on Ship's Bow-Shaped (လှေဦးပုံဒါန်း)

(၇) Pao Wun Garden (ပေါင်ဝန် ဥယျာဥ်)

(၈) Sport Ground (အားကစားကွင်း)

အခု အချိန်တွင် မြပတ္တမြားဥယျာဉ် ဟာ ငပလီမှာ ထင်ရှားသောနေရာ တစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်ပါသည်။ မြပတ္တမြားဥယျာဉ်ဟိုတယ်တွင် တည်းခိုမည့် ဧည်သည်တော်များအတွက် ဥယျာဉ် ကို အခမဲ့လည်ပတ်ခွင့် နှင့် အတူ အခြား Promotion Package များလည်း ရှိသဖြင့် ငပလီကို သွားဖြစ်ပါက မြပတ္တမြားဥယျာဉ်ဟိုတယ် တွင်တည်းခိုနိုင်ပါကြောင်း အကြံပြုလိုက်ရပါတယ်။ မြပတ္တမြားဥယျာဉ်ဟိုတယ် ကို ဆက်သွယ်မယ်ဆိုရင်ဖြင့်(+95) 09777286669 ကို ဆက်သွယ်နိုင်ပါသည်။

ပေါင်ဝန်တံတား Photo - credit to paowuunbridge page

မြပတ္တမြားဥယျာဉ် အကြောင်းကို အသေးစိတ်လေ့လာလိုပါက အောက်ပါ Facebook link နှင့် Website များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်ခင်ဗျာ။

https://www.facebook.com/paowunbridge

https://erg-resort.com/

 

ဆက်လက်ဖော်ပြပါမည်-

ဖတ်ရှုအားပေးမှုကို ကျေးဇူးအထူးတင်ရှိပါသည်။

အောင်သူ(စူးစမ်းလေ့လာ သွားချင်စရာ)

အခြားဆောင်းပါးများဖတ်ရှုလိုပါက အောက်ပါ link များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

https://attractiveforexpeditionarytrips.blogspot.com/

https://www.newautumntours.com

https://www.papawadyresort.com/

 

Comments

Popular posts from this blog

Boat Trip to Samkar with Guide

စူးစမ်းလေ့လာ သွားချင်စရာ (၁၀) ပုသိမ် - မော်တင်စွန်းလမ်း review

တိုင်းဧရာ၏ လှိုင်းခုန်ပွဲတော်ဆီသို့